ဗဟုသုတ

ဖတ်စရာ မှတ်စရာလေးတွေကတော့ ဒီဆိုဒ်မှာ စုံတယ်ဗျ... ဆိုဒ်နာမည် လေးက လမ်းဆုံ ပါ..

ဆိုဒ်လေးက ဒီမှာ ပါ။




ဘလော့
ဆိုတဲ့အဓိပါယ်နဲ့ရေးတဲ့ နေရာမှာလိုအပ်တာတွေကိုပြောပြပေးပါ့မယ်

Blog ဆိုသည်မှာ အတို ဆုံးအဓိပါယ်ပြန်ရလျှင်
အွန်လိုင်းပေါ်မှ မဂ္ဂဇင်း ဟု ခေါ်ပါတယ်

အကျယ်ဖွင့်ရှင်းပြရလျှင်မူ
ကိုယ်တိုင်ဖြစ်ပျက်ခံစားနေတဲ့ လက်တွေ့ အဖြစ်အပြက်တွေကို
နောက်သူတွေ သိအောင် အဆိုးကောင်း ခွဲခြားနိုင်အောင် အဖြစ်ပျက်များအား မျှဝေပြောပြခြင်း။

နည်းပညာသစ်တွေကိုအများအသုံးချနိုင်အောင်နိုင်အောင် လမ်းညွှန်ပေးခြင်း၊ အသိပေးခြင်း

ဖတ်မှတ်လေ့လာသူတွေအကြိုးရှိအောင် ရေးသားထားတဲ့
သတင်း ၊ နိုင်ငံရေး အမြင် ၊ ကျမ်းမာရေး ၊ ဟာသ ၊ရသ ၊ နည်းပညာ ၊ ဆေးပညာ၊
ဆောင်းပါးနဲ့ အထွေထွေဗဟုသုတများအား
အများလေ့လာခံစားဖို့ရေးသား တင်ပြပေးတာကို

BLOG လို့ ခေါ်ပါတယ်

Blog ကို အင်္ဂလိပ်လိုအဓိပါယ်ဖွင့်ထားတာက

"read, write, or edit a shared on-line journal"


လို့ ဖော်ပြထားပါတယ်

ထိုသို့ Blog on the web တိတိကျကျအဓိပါယ်အမှန်ကို ဧဒင်အဖွဲ့သားအားလုံးသိစေချင်ပါတယ်
ယခု စာဖြင့် အသေးစိတ် ကျွန်တော်တို့ ရှင်းပြပေးရတာပါခင်ဗျာ

ဘလော့စာမျက်နှာအောက်ဘက်တွင် ရှိသော Tag အကြောင်း

ဝတ္တုတစ်အုပ်တွင် အချစ် ၊ ဘာသာပြန် ၊ သိုင်းသတ္တု စသော အမျိုးအစား ခွဲခြားသကဲ့သို့
ဘလော့မှာလဲ အမျိုးအစားရှိပါတယ် ထိုသို့သော အမျိုးအစားကို
Tagဖြင့် ခွဲခြားဖော်ပြပေးရတာပါ ။

Tag ဆိုသည်မှာ ရေးသားထားတဲ့ ဘလော့တစ်ခုလုံးရဲ့
ပင်ကို ရသ တစ်မျိုးကို ဖော်ပြခြင်းဟု အဓိပါယ်ရပါတယ်ခင်ဗျာ ။

ဥပမာ ။ ။ သတင်း ၊ ဟာသ ၊ ရသ ၊ နည်းပညာ ၊ သုတ ၊ ကျမ်းမာရေး ၊ ဆောင်းပါး
...စသည်ဖြင့် Tag တွင်ရေးသား ပေးရပါတယ် ။



ဧဒင်ဥယာဉ်မှ ကူးယူဖော်ပြသည်

Comments

Popular Posts